Watch Urban Legend Full Movie

Urban Legend ဆိုတဲ့အတိုင်း တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ပါးစပ်ပြောဒဏ္ဍာရီပုံပြင် Horror ဇာတ်လမ်းတွေကိုပဲ တင်ဆက်ထားတာဖြစ်ပြီး ပရိသတ်တွေ မမြင်ဖူးလောက်တဲ့ အသစ်အဆန်းတွေ အများကြီးပါတယ်လို့တော့ဆိုထားပါတယ်။ သို့ပေမဲ့ အပိုင်းတစ်ကတော့ Saw ကားတွေကိုမှ Bitcoin နဲ့ ပေါင်းစပ်ထားတဲ့ အပိုင်းဖြစ်နေပါတယ်။ ကြည့်လို့တော်တော်ကောင်းပါတယ်။ ဆိုက်ကိုပတ်တွေ၊ ပဟေဠိဆန်တဲ့လူသတ်မှုတွေ၊ ကြောက်စရာသတ္တဝါတွေ စသဖြင့် ဇာတ်လမ်းပေါင်းများစွာကို ကြည့်ရမယ့် Horror Anthology Series ပါပဲ။ Slasher, Gore, Body Horror, Psychological Horror, Monster Horror စတဲ့ Horror အမျိုးအစားတွေလည်း စုံစုံလင်လင်ပါလာမယ့်ပုံပါပဲ။ Horror ဖန်တွေ အပျင်းပြေကြည့်သင့်တဲ့ စီးရီးလို့ဆိုလို့ရပါတယ်။ တစ်ပိုင်းမှ နာရီဝက်ကျော်ကျော်မို့ အချိန်လည်းသိပ်မပေးရပါဘူး။ ညမအိပ်တတ်ကြတဲ့သူတွေအတွက် တစ်ညတစ်ပိုင်း နိုဝင်ဘာလကြီးကို ဖြတ်သန်းဖို့ လုံလောက်တဲ့စီးရီးဖြစ်မှာပါပဲ။
Watch Urban Legend
Watch Urban Legend